ဒေါင်းလို့ရလာတဲ့ဖိုင်ကို WinRAR နဲ့ဖြေလိုက်ပါ password တောင်းရင်တော့
www.minminchit.org လို့ထည့်ပေးလိုက်ပါ ရလာတဲ့ဖိုင်ထဲကနေ အောက်ကပုံမှာ
အနီရောင်းလေးနဲ့ဝိုင်းပြထားတဲ့ flash tool ကို နှိပ်ပြီးဖွင့်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ပေါ်လာတဲ့ Tool ထဲမှာအနီရောင်ဝိုင်းပြထားတဲ့နေရာက
Scatter-loading ပေါ်တစ်ချက်နှိပ်ပြီး တင်မယ့် Firmware ဖိုင်ထားထားတဲ့နေရာကိုသွားပါ
တင်မယ့် Firmware
ဖိုင်ထဲက အောက်ကပုံမှအနီရောင်ဝိုင်းထားတဲ့ဖိုင်မျိုးလိုက်ရှာပါ ( MT
နံပါတ်တော့လွဲသည် ) ပြီးရင် Open ကိုနှိပ်လိုက်ပါ
အပေါ်ကပုံအတိုင်းဖြစ်နေလိမ့်မယ် Firmware တင်မဲ့ဖုန်းကိုအရင်ဆုံး
ဖုန်းကိုပိတ်ပြီး Battery ကိုဖြုတ်လိုက်ပါ ပြီးရင် USB
ကြိုးထိုးပြီးကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်ပေးလိုက်ပါ ပြီးရင် Battery
ပြန်တပ်ပေးလိုက်ပါ ပါဝါမဖွင့်ပါနှင့် ကွန်ပျူတာကဖုန်းကို သိပြီဆိုရင်အပေါ်က
downloand ကိုနှိပ်ပြီးထားလိုက်ပါ ခဏနေအောက်နားမှာရာခိုင်နှုန်းတက်လာပါမယ်
အောက်ဆုံးကပုံလို 100% ပြည့်သွားပြီး အစိမ်းရောင်အဝိုင်းလေးနဲ့
အမှတ်ချက်လေးပေါ်လာရင် USB ကြိုးကိုဖြုတ်ပြီး Battery ကိုပါဖြုတ်လိုက်ပါ
ပြီးရင် Battery ပြန်တပ်ပြီး Power ဖွင့်လိုက်ပါ Firmware
တက်ဖို့နည်းနည်းစောင့်ရပါတယ် ဒါဆိုရင် Firmware တင်လို့ပြီးပါပါပြီ
နားမလည်တာရှိရင် ဒီfacebook.comမှာလာရောက်မေးမြန်းနိုင်ပါတယ်
နည်းပညာတွေကျွမ်းကျင်စွာတတ်ကျွမ်းပြီးလုပ်ဆောင်တာအောင်မြင်ကြပါစေ
No comments:
Post a Comment