အခုလိုအားပေတဲ့အတွက်ကျေဇူးတင်ပါတယ် လိုအက်တာရှိရင်ဆက်သွယ်ပါ thai 0618142309 viber+66618142309 ပါ

Desktop ပေါ်က Folders နှင့် Files များ

Desktop ပေါ်က Folders နှင့် Files များ
Folders တွေ၊ ဖိုင်တွေ Desktop ပေါ် သိမ်းရတာ ပြန်လည် အသုံးပြုရလွယ် လို့ အားလုံး ပဲ သိမ်းဆည်း မိတတ်ပါတယ်။
ဒီနေရာ မှာ ပြောချင်တာကတော့ တကယ်တမ်း Computer သုံးသူတွေ အနေနဲ့ အနည်းဆုံး အခြေခံ အချက် နှစ်ခု ကို လိုက်နာပေးဖို့ပါ။

Partition
!!!!!!!!!!!!!!!
C: နဲ့ D: ဆိုတဲ့ Partition တွေ ကို စက်တော်တော် များများ မှာ တွေ့ကြရမှာ ဖြစ်ပါတယ်။
C: ရဲ့ တာဝန်
!!!!!!!!!!!!!!!!!!!!
C: ရဲ့ နဂိုမူလ အလုပ်က Windows OS ရဲ့ တာဝန် ကို အဓိက ထမ်းဆောင် ပေးရမှာ ဖြစ်သလို ထပ်သွင်း လာတဲ့ Softwares တွေ အားလုံးရဲ့ အလုပ်တွေ ကိုလဲ လုပ်ပေး ရမှာပါ။
D: ရဲ့ တာဝန်
!!!!!!!!!!!!!!!!!!!!
D: ကတော့ တစ်ခါတစ်လေ မှ သိမ်းထားတာလေးတွေ ပြန် ထုတ်ပေးယုံ လောက် ပါပဲ။
Point
!!!!!!!!!!!
ပြောချင်တာက အဲလောက် အလုပ်များ နေတဲ့ C: လေး ခင်မျာ D: ရဲ့ အလုပ်တွေ ကို ၀န်ပို အနေနဲ့ ထမ်းပေးနေရတာတွေ ရှိနေပါတယ်။
Folders တွေ၊ ဖိုင်တွေ ကို Desktop မှာ သိမ်းကြပါတယ်။
ဒီတော့ သိမ်းသမျှ ဟာ C: အောက် မှာ ရောက်သွားပါတယ်။
Risks
!!!!!!!!!!
မခံနိုင်တဲ့ အဆုံး C: ဆန္ဒ ပြတဲ့ အခါ သူ့ ဆီ မှာ လာသိမ်းထားတဲ့ Files တွေ ပါ ဖျက်ပစ် ဖို့ ကြိုးစား ပါတော့တယ်။
ဒါကိုတော့ လူတိုင်း မကြားချင်ဆုံး Windows ကျတယ် လို့ ခေါ်ပါတယ်။
အဲဒီ အချိန်မှာတော့ Desktop ပေါ်က သိမ်းထားတဲ့ ဖိုင်တွေ ပြန်မရတော့ဘူး ဆိုတဲ့ ခါးသက်တဲ့ စကားလုံး တွေ နဲ့ အဆုံးသတ် စေ မှာ ဖြစ်ပါတယ်။
တာဝန် သက်သက် စီ ဖြစ်ပါစေ
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
C: ကို သနားရင် အားလုံးပဲ Data တွေ ကို သိပ် အနားရနေတဲ့ D: ဆိုတဲ့ ကောင် ကိုသာ ခိုင်း လိုက် ပါ လို့ အကြံ ပြုလိုက်ပါတယ်။
မှတ်ချက်
!!!!!!!!!!!!!
လုပ်ငန်းခွင် ထဲ က အလုပ်တွေ အိမ်မှာ ယူလုပ်ရသူများ၊ Students များ ၊ သက်ဆိုင်ရာ လုပ်ငန်းခွင် တိုင်းရဲ့ အရေးကြီး Project Folders များ ကို အလွယ်တကူ မပျောက်ပျက်စေဖို့ အတွက် ရည်ရွယ်ရေး သား ခြင်း ဖြစ်ပါတယ်။
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>


ခုလိုအားပေးတဲ့အတွ​က် အထူး​ကျေး​ဇူး​တင်ပါ​တ​ယ်... လို​အပ်တာများ​ရှိ​ပါ​က.. C-Box မှာြေ​ပာ​ခဲ့ြ​က​နိုင်ပါ​တ​ယ်... အတတ်နိုင်ဆုံးြ​ကိုး​စား ကူညီ မျှေ​၀​သွား​ပါ​မ​ည်{ဒီမှာ } သွား​လိုက်ပါ

No comments:

Post a Comment

မန်ဘာဝင်ခဲ့ခြင်းဖြင့်ပိုစ့်အသစ်တင်တိုင်း Gmail ထဲရောက်နေမှာပါ...

Image