အခုလိုအားပေတဲ့အတွက်ကျေဇူးတင်ပါတယ် လိုအက်တာရှိရင်ဆက်သွယ်ပါ thai 0618142309 viber+66618142309 ပါ

Laptop Battery သက်တန်းရှည်စေဖို့

၁။အားကုန်တဲ့အထိမသုံးပါနဲ့။
Laptop Battery ကို အားကုန်သွားတဲ့အထိ သုံးခြင်းဟာ battery ရဲ့ သက်တန်းကို တိုတောင်းစေပါတယ်။တချို့ laptops တွေမှာ battery အားမကုန်ခင် အလိုလျှောက် ကွန်ပြူတာ shut down လုပ်ပေးတဲ့ စနစ်ပါတယ်။ ဒါအပြင့် windows 7 နဲ့ vista မှာလည်း အဲဒီoption ပါတယ်။ start မှာ power လို့ ရိုက်ပြီး power options ကို ရွေးပါ။change plan settings ကိုနှိပ်ပါ။ ပြီးရင် change advanced power settingsကို သွားပါ။ dialogue box ပေါ်လာရင် Battery ဆိုတဲ့ option ကို ရွေးပါ။အဲဒီနောက်မှာ critical battery level ကို အနည်းဆုံး 5%လောက်ပြောင်းပေးထားပါ။battery အား 5% အောက် ရောက်တာနဲ့ စက်ကို အလိုလျှောက် ပိတ်ပေးပါလိမ့်မယ်။

၂။အေးမြအောင်လုပ်ပေးပါ
အပူဒဏ်ကလည်း battery ကို ပျက်ဆီးစေရုံသာမက battery သက်တန်းကိုပါ ထိခိုက်စေပါတယ်။ laptop ရဲ့လေဝင်ပေါက်တွေ မပိတ်နေပါစေနဲ့။ laptop ကို ခေါင်းအုံးပေါ်မှာ/ကူရှင်ပေါ်မှာတင်မသုံးပါနဲ့။ နည်းနည်းမြှင့်ထားတဲ့ စင်ပေါ်မှာ တင်သုံးပါ။လေဝင်လေထွက်အပေါက်ကို မကြာခဏ သန့်ရှင်းရေး ပြုလုပ်ပေးပါ။ လေနဲ့မှူတ်ပေးပါ။အဆင်သင့် သုံးလို့ရတဲ့ compressed air can ဝယ်ပြီးသုံးပါ။သန့်ရှင်းနေတုန်းမှာ power ပိတ်ထားပါ။
၃။အနားပေးပါ။
အကယ်လို့ AC powerနဲ့ပဲ တစ်ပတ်လုံး သုံးမယ်လို့ စိတ်ကူးထားရင် battery ကိုအရင်ဖြုတ်လိုက်ပါ။ ဆက်တိုက် အားသွင်းခြင်းဟာ လည်း battery ကို ခဏလေးနဲ့ပျက်ဆီးစေပါတယ်။ battery အား တစ်ဝက် သာသာလောက်မှာ ဖြုတ်ပစ်လိုက်တာကအကောင်းဆုံးပါ။ ဘယ်တော့မှ battery ကို laptop power ဖွင့်တားတုန်းမဖြုတ်ပါနဲ့။ ယင်းသို့ ပြုလုပ်ခြင်းသည် system ကို crash ဖြစ်စေယုံသာမကhardware ပိုင်းကိုပါ ထိခိုက်စေပါတယ်။စက်ဖွင့်ထားတုန်း battery တပ်ရင်လည်း ထိုနည်း၎င်းပါပဲ။ ဒါပေမယ့်အပြင်ကိုမယူသွားဖြစ်ဘူး။ AC နဲ့ပဲ အမြဲသုံးဖြစ်နေတယ်ဆိုရင်၊ ၂ လကြာတိုင်းbattery ကို စက်ထဲပြန်တပ်ပြီး နာရီအနည်းငယ်အသုံးပြုပေးပါ။ ပြီးရင်ပြန်ဖြုတ်ပါ။
battery charge ကို ကြာကြာအသုံးပြုနိုင်ဖို့.
- screen ကို မှိန်လိုက်ပါ။ စာကောင်းကောင်း ဖတ်နိုင်လောက်တဲ့ အနေထားလောက်ပဲ background light ကိုထားပါ။
မလိုအပ်တဲ့ hardware တွေကို ပိတ်ပစ်ပါ။ ဥပမာ ။ ။ Bluetooth,wifi-receiver နဲ့ external-mouse လို hardware ကို မသုံးမပြုတဲ့အခါပိတ်ထားပါ။ sound system ကိုလည်း မလိုအပ်ရင် mute မှာထားပါ။
applications အများကြီးကို တစ်ပြိုင်နက်တည်း အသုံးပြုတာကိုရှောင်ကြဉ်ပါ။
ဖြစ်နိုင်ရင် application တစ်ခုတည်း run ပြီးသုံးပါ။အင်တာနက် အသုံးမပြုတဲ့ အခါမှာလည်း antivirus နဲ့ firewall လို application တွေကို ပိတ်ပစ်ပါ။
- multimedia software တွေကို အသုံးပြုခြင်း ရှောင်ကြဉ်ပါ။ ဥပမာ ။ ။
photoshop အသုံးပြုတာတို့၊ ရုပ်ရှင် ကြည့်တာတို့ကို AC power နဲ့
ပြုလုပ်ပါ။
http://manotta.blogspot.in မှ မျှဝေတင်ပြလိုက်သည်။
လေးစားစွာဖြင့်...
အိုင်တီလမ်းညွှန်...(IT-Guide...N...L...H...)


{}

No comments:

Post a Comment

မန်ဘာဝင်ခဲ့ခြင်းဖြင့်ပိုစ့်အသစ်တင်တိုင်း Gmail ထဲရောက်နေမှာပါ...

Image